နိုင်ငံတကာသတင်း

မြေထဲပင်လယ်ဒေသမှာ ဆူနာမီဖြစ်လာလျှင် ပျက်စီးဆုံးရှုံးမှုကြီးမားနိုင်

ပြင်းအားသိပ်မမြင့်တဲ့ ငလျင်တစ်ခုလှုပ်ခတ်လိုက်တာနဲ့ လူပေါင်း သန်း ၁၃၀ ၀န်းကျင်နေထိုင်တဲ့ မြေထဲပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ဟာ ကြီးမားပြင်းထန်တဲ့ဆူနာမီဒဏ်ကို ခံစားရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စစ္စလီ ဒါမှမဟုတ် ခရိကျွန်းတွေရဲ့အောက်ဘက်မှာ ပြင်းအားအဆင့် ၇ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်လိုက်တာနဲ့ အီတလီ၊ ဂရိနဲ့ လစ်ဗျားတို့ဟာ ကြီးမားပြင်းထန်တဲ့ ပင်လယ်လှိုင်းလုံးတွေရဲ့ရိုက်ပုတ်မှုကိုခံရပါလိမ့်မယ်။ သိပ္ပံပညာရှင်တွေရဲ့ ကွန်ပြူတာနဲ့ဖန်တီးတွက်ချက်မှုအရ ပင်လယ်ရေမျက်နှာပြင်အထက် ၅ မီတာပဲမြင့်တဲ့...
Continue Reading
တိရစ္ဆာန်များ

ဂျပန်နိုင်ငံက ကီရှီဘူတာမှာ ရုံပိုင်အဖြစ် ကြောင်မလေးနီတာမာကိုခန့်အပ်

ဂျပန်နိုင်ငံကျေးလက်ဒေသတစ်ခုက ရထားဘူတာမှာ ရုံပိုင်အဖြစ်ခန့်အပ်ခံလိုက်ရတဲ့ ကြောင်တစ်ကောင်အတွက်တော့ ယူရမယ့်တာဝန်ဝတ္တရားက ကြီးမားလွန်းနေပါတယ်။ ဒီကြောင်မလေးရဲ့ရှေ့မှာ ရုံပိုင်တာဝန်ယူခဲ့တဲ့ကြောင်ဟာ ကမ္ဘာကျော်ပြီး အခက်အခဲကြုံခဲ့တဲ့ဘူတာနဲ့ ဘဏ္ဍာရေးအဆင်မပြေခဲ့တဲ့ရထားလိုင်းကို ကူညီခဲ့သူဖြစ်လို့ နာမည်ကြီးတဲ့ ကြောင်လေးတစ်ကောင်ပါပဲ။ ဒါ့အပြင် အဲဒီကြောင်ဟာ ဦးထုပ်တစ်လုံးကို လိုက်ဖက်ညီအောင် ဘယ်လိုဆောင်းရမလဲဆိုတာကို လည်း သိရှိခဲ့သူပါ။ တာမာလို့အမည်ရတဲ့ ယခင်ဘူတာရုံပိုင်ကြောင်မလေးဟာ အသက် ၁၆ နှစ်အရွယ်အရောက်မှာ ၀ါကာယာမာလျှပ်စစ်ရထား လိုင်းက ကီရှီဘူတာရဲ့ရုံပိုင်အဖြစ်...
Continue Reading
ထူးဆန်းထွေလာ

ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မိန်းကလေးရဲ့အုတ်ဂူတွင်းက အသံများကြားပြီးနောက် မိသားစုဝင်တွေက အုတ်ဂူကိုရိုက်ဖွင့်

ဆယ်ကျော်သက်အရွယ်နဲ့သေဆုံးသွားတဲ့မိန်းကလေးတစ်ဦးရဲ့ အုတ်ဂူထဲကနေ အော်သံနဲ့ အခေါင်းကို ကုတ်ခြစ်သံတွေကြားခဲ့ရပြီးနောက်မှာ သူ့ရဲ့မိသားစုဝင်တွေက အဲဒီမိန်းကလေးရဲ့အုတ်ဂူကိုရိုက်ဖွင့်မှု ဟွန်ဒူးရပ်စ်မှာ ဖြစ်ပွားခဲ့ပါတယ်။ နေစီပီရက်ဇ်ဟာ အသက် ၁၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်ပြီး အိမ်ထောင်ကျစပဲရှိသေးပေမယ့် နေအိမ်မှာလဲကျပြီး ပါးစပ်ကအမြှုပ်တွေထွက်လာခဲ့ပါတယ်။ သူ့အမေကတော့ မကောင်းဆိုးရွားပူးကပ်တယ်လို့ ယူဆပြီး ပယောဂဆရာခေါ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆရာဝန်တွေက ပီရက်ဇ် သေဆုံးပြီလို့အတည်ပြုလိုက်ပြီးနောက်မှာ သူ့ကိုလက်ထပ်ဝတ်စုံနဲ့ ဂူသွင်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မိသားစုတွေက...
Continue Reading
ထူးဆန်းထွေလာ

လေယာဉ်မှူးခင်ပွန်းသတိလစ်သွားသဖြင့် လေယာဉ်မမောင်းဖူးသည့်အမျိုးသမီးက လေယာဉ်မောင်းနှင်ဆင်းသက်ခဲ့ရ

လေယာဉ်မောင်းနှင်ဖူးခြင်းမရှိသည့် စပိန်အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူလေယာဉ်မှူး လေယာဉ်မောင်းနှင်နေစဉ် သတိလစ်သွားသဖြင့် လေယာဉ်အား ၀င်ရောက်မောင်းနှင်ကာ ထိုးဆင်းခဲ့ရကြောင်းသိရှိရသည်။ လေကြောင်းထိန်းသိမ်းရေး မျှော်စင်မှလမ်းညွှန်သူက ထိုအမျိုးသမီးနှင့် ဆက်သွယ်စကားပြောဆိုပြီးနောက် လေယာဉ်မောင်းနှင်ရသည့်ပုံစံကို ရေဒီယိုမှတစ်ဆင့်ပြောပြခဲ့ကာ အရေးပေါ်ဆင်းသက်မှုမလုပ်မီအထိ မိနစ် ၉၀ ကြာ မောင်းနှင်စေခဲ့သည်။ ထိုအမျိုးသမီး၏ ခင်ပွန်းမှာ သေဆုံးသွားခဲ့ပြီး ဆီဗီးလ်လေဆိပ်ပြေးလမ်းနှင့် ၂ မိုင်အကွာ လိမ္မော်ခြံအတွင်းသို့ မထိုးဆင်းမီ သို့မဟုတ် ထိုးဆင်းပြီးမှ...
Continue Reading
ထူးဆန်းထွေလာ

မီးသင်္ဂြိုဟ်တော့မည့်အမျိုးသမီးတစ်ဦး၏အလောင်း ခိုးယူခံရ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးအလောင်းတစ်လောင်းမှာ ဈာပနအခမ်းအနားအပြီး မီးသင်္ဂြိုဟ်မှုမပြုလုပ်မီ ခိုးယူခံခဲ့ရကြောင်းသိရှိရသည်။ ဂျူလီမော့တ်ဟုအမည်ရသော ထိုအမျိုးသမီး၏ အလောင်းအား ဈာပနအခမ်းအနားအပြီး နာရီပိုင်းအကြာတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။ အလောင်းပြင်ဆင်ပေးသည့်လုပ်ငန်းက ၎င်း၏အလောင်းကို ပြန်လည်တွေ့ရှိအောင် သတင်းပေးနိုင်သူအား ဒေါ်လာ ၂ သောင်းခွဲ ဆုငွေချီးမြှင့်မည်ဟု ကြေညာထားသည်။ ဆန်အန်တိုနီယိုရဲတပ်ဖွဲ့မှ...
Continue Reading
Uncategorized

ဆွစ်ဇာလန်လေကြောင်းပြပွဲတွင် လေယာဉ်ချင်းတိုက်မိ၍ တစ်ဦးသေဆုံး

ဆွစ်ဇာလန်နိုင်ငံမြောက်ပိုင်းတွင်ကျင်းပသော လေကြောင်းပြပွဲ၌ လေယာဉ် ၂ စီးတိုက်မိပြီးနောက် အနည်းဆုံးလူတစ်ဦး သေဆုံး ခဲ့ကြောင်းသိရှိရသည်။ ယခုဖြစ်ရပ်တွင် တိုက်မိခဲ့သော လေယာဉ် ၂ စီးမှာ ၃ စီးအလှပြပုံစံဖြင့် ပျံသန်းနေချိန်တွင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ လူသေဆုံးသတင်းကိုမူ အသေးစိတ်ထုတ်ပြန်ခြင်းမရှိချေ။ ယခုဖြစ်ရပ်မှာ အင်္ဂလန်တွင်ကျင်းပသည့် ရှိုးဟမ်းလေကြောင်းပြပွဲတွင် လေယာဉ်တစ်စီးပျက်ကျ၍ ၇ ဦး သေဆုံးခဲ့ပြီး နောက်တစ်...
Continue Reading
ဗဟုသုတ

ရတနာအပြည့်ပါတဲ့ နာဇီတစ္ဆေရထားကို ပိုလန်မှာတကယ်တွေ့ပြီလား

ပါးစပ်ရာဇ၀င်ဖြစ်နေသည့် ဂျာမန်နာဇီတို့၏ ရတနာများအပြည့်ပါသော တစ္ဆေရထားကို ပိုလန်နိုင်ငံရှိ ကာလရှည်ကြာပိတ်ထားခဲ့ သော ဥမင်တစ်ခုအတွင်းတွေ့ရှိပြီဟု သတင်းထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀ က တစ်ဟုန်ထိုးစစ်ချီလာသည့် ဆိုဗီယက်တပ်နီတော်လက်သို့မကျရောက်စေရန် ရတနာများကို ရထားဖြင့်တင်ဆောင်ပြီး နာဇီတို့က ကြိုးပမ်းချိန်တွင် ပျောက် ဆုံးသွားခဲ့သည့် ထိုရထားအား တွေ့ရှိထားသည်ဟု လူ ၂ ဦးက ဆိုသည်။ နယ်ခံပါးစပ်ရာဇ၀င်အရ ကျောက်မျက်ရတနာများ၊...
Continue Reading
နိုင်ငံတကာသတင်း

မြောက်ကိုရီးယားတပ်မတော်အား စစ်ပြင်ထားရန်အမိန့်ပေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်း၏စစ်တပ်အား တောင်ကိုရီးယားနှင့် လက်နက်ကြီးဖြင့်အပြန်အလှန်ပစ်ခတ်ပြီး နောက် တင်းမာမှုမြင့်တက်လာချိန်တွင် စစ်ပြင်ထားရန် အမိန့်ပေးလိုက်သည်။ မြောက်ကိုရီးယားခေါင်းဆောင်သည် တောင်ကိုရီး ယားနှင့်တင်းမာမှုအား စစ်ဖြစ်လုနီးအနေအထားဟု အရေးပေါ်အစည်းအဝေးတွင် ကွန်မြူနစ်စစ်ခေါင်းဆောင်များအား ပြောကြား ခဲ့သည်ဟု မြောက်ကိုရီးယားရုပ်သံမှထုတ်လွှင့်မှုကို ကိုးကား၍ တောင်ကိုရီးယားသတင်းဌာန ယွန်ဟပ်က သတင်းထုတ်ပြန်ခဲ့ သည်။ တောင်ကိုရီးယားနယ်နိမိတ်ဘက်သို့ မြောက်ကိုရီးယားက လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် တောင်ကိုရီယားကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင်...
Continue Reading
Uncategorized

ဘန်ကောက်ဗုံးခွဲမှုကို ကွန်ရက်တစ်ခုအနေဖြင့်လုပ်ဆောင်ခဲ့ခြင်းဟု ထိုင်းရဲချုပ်ပြောကြား

လူ ၂၀ ဦး သေဆုံးစေခဲ့သည့် ဘန်ကောက်ဧရာဝဏ်နတ်ကွန်းအနီး ဗုံးဖောက်ခွဲမှုမှာ ကွန်ရက်တစ်ခုအနေဖြင့်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲချုပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ လုံခြုံရေးဗီဒီယိုမှတ်တမ်းအရ နတ်ကွန်းအနီးတွင် ကျောပိုးအိတ် တစ်လုံးထားရစ်ခဲ့သည့် တီရှပ်အ၀ါရောင်ဝတ်ဆင်ထားသူ အဓိကမသင်္ကာသူ၏ပုံကြမ်းအား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထို့အပြင် လုံခြုံရေးကင်မရာမှတ်တမ်းတွင်တွေ့မြင်ရသည့် အခြား ၂ ဦးကိုလည်း သံယယရှိသူများအဖြစ် သတ်မှတ်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက...
Continue Reading
ဗဟုသုတ

အရုပ်မလေးနဲ့တူတဲ့ စားပွဲထိုးမလေး

McDonald ဆိုတဲ့ အမြန်ရ အသင့်စား အစားအစာတွေကိုရောင်းတဲ့နေရာမှာ အလုပ်လုပ်ချင်တဲ့ သူတွေမရှိသလောက်နည်းပါးပါတယ်။ စားပွဲထိုးဆိုတဲ့ ဂုဏ်ကို သိမ်ငယ်ခြင်းနဲ့ အခြားသူများကို ဖော်ရွေစွာ ဝန်ဆောင်မှု မပေးစွမ်းနိုင်ခြင်းတို့ကြောင့် မလုပ်ချင်ကြတာလည်း ပါပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာရှိတဲ့ McDonald ဆိုင်ခွဲမှာတော့ အရုပ်မလေးနဲ့ တူတဲ့ အမျိုးသမီး စားပွဲထိုးလေးတစ်ဦးဟာ ဆိုင်ကိုလာရောက် ဝယ်ယူစားသောက်တဲ့ စားသုံးသူတွေကို ပြုံးရွှင်စွာ ဝန်ဆောင်မှုပေးနေလေရဲ့။...
Continue Reading